07 Sep 2023
အလျော့တွက်ဆိုတာဘာလဲ

အလျော့တွက်ဆိုတာဘာလဲ

ရတနာချစ်သူလေးတွေ အမေးအများဆုံးမေးခွန်းထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အလျော့တွက်လက်ခ အကြောင်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

အဝတ်ချုပ်တဲ့အခါ အထည်ချုပ်ခပေးရသလို ရွှေထည်ဝယ်ယူတဲ့အခါမှာလည်း ပန်းထိမ်ဆရာကိုပေးရတဲ့ အလျော့တွက်လက်ခဆိုတာရှိပါတယ်၊၊

အလျော့တွက်ဆိုတာ ပန်းထိမ်ဆရာကြီးတွေရဲ့ကာယ၊ ညာဏ၊ အသိပညာ၊ အတတ်ပညာကိုပေးရတဲ့ ပညာရှင်ကြေးဖြစ်တဲ့အပြင် လက်ဝတ်ရတနာထည်တွေ ပြုလုပ်တဲ့အခါမှာ ရွှေအတုံးကနေပြီး ကိုယ်လိုချင်တဲ့ ဒီဇိုင်းနှင့်သပ်ရပ်လှပသော အထည်တစ်ခုထွက်လာအောင် အဆင့်ဆင့်ပုံသွင်းပြီး ပြုလုပ်ရတာဖြစ်လို့ ရွှေအလေအလွင့်ရှိတာကြောင့် အလျော့တွက်အဖြစ် ခေါ်ဝေါ်သတ်မှတ်ရခြင်းလည်းဖြစ်ပါတယ်၊၊

ဘယ်လိုရတနာထည်လေးတွေပဲဖြစ်ဖြစ် အလျော့တွက်အတူတူပဲလား?

အထည်ပြုလုပ်ရတဲ့အခါမှာ ဒီဇိုင်အမျိုးအစား၊ လုပ်ရတဲ့အထည်ရဲ့ လက်ဝင်မှု၊ အချိန်ပေးရမှု၊ ရွှေအလေအလွင့်ရှိမှု စတဲ့အချက်လေးတွေပေါ်မူတည်ပြီး ရတနာထည်တစ်ခုနှင့်တစ်ခုရဲ့ အလျော့တွက်ချင်းက မတူညီနိုင်ပါဘူးရှင်။

အလျော့တွက်နှင့်ပတ်သက်ပြီး နောက်ထပ်သိထားရမယ့်တစ်ချက်ကတော့ ..... 

ရတနာထည်ပစ္စည်းလေးတွေကို အရောင်းအဝယ်ပြုလုပ်ရာမှာ…..  ဝယ်ယူထားတဲ့သူက ရွှေဆိုင်တွေကို ပြန်ရောင်းတဲ့အခါ အလျော့တွက်ဖိုးမပါပဲ ရွှေချိန်အရှိကိုသာတွက်ပြီး ပြန်ဝယ်ပေးလေ့ရှိပါတယ်။

ဒါပေမယ့် အလျော့တွက်ဖိုးလေးက ပုံသေအရှုံးတော့မဟုတ်ပါဘူးနော်။ ရေရှည်ဝတ်ပြီး ရွှေဈေးတတ်တဲ့အခါမှ ပြန်ရောင်းမယ်ဆိုရင်တော့ အလျော့တွက်ကာမိတာ၊ အမြတ်ရတာမျိုး ရှိနိုင်ပါတယ်ရှင်၊၊

ဒီတော့ …

  Ø  ရတနာထည်ဝယ်ယူတဲ့အခါ ဘာကြောင့်အလျော့တွက်ပေးရတယ်

  Ø  ပြန်ရောင်းတဲ့အခါ ဘာကြောင့်အလျော့တွက်ရှုံးရတယ်ဆိုတာလေးကို သိရှိသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင်

သက်သာတဲ့ အလျော့တွက်နှုန်းထားတွေနဲ့ ရတနာထည်ဒီဇိုင်းအစုံကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ရွှေဘုန်းရှိန်ရတနာဆိုင်ကိုသာ အမြန်ဆုံးလှမ်းခဲ့လိုက်ပါတော့ရှင်

 

အလွယ်ကူဆုံး ရွှေတွက်နည်း

ရွှေဘုန်းရှိန်ရတနာဆိုင်ရဲ့ရွှေချစ်သူလေးတွေအတွက် အလွယ်ကူဆုံးရွှေတွက်နည်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ရွှေတွက်မယ်ဆိုရင်တော့ ပထမဆုံ...

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

White God နှင့် Platinum ရဲ့ကွာခြားချက်

✨ ဒီတစ်ပါတ်မှာတော့ Jeweller လေးတွေသိထားသင့်တဲ့ White Gold နဲ့ Platinum ရဲ့ ခြားနားချက်လေးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ကွာခြားချက်လေးတွေဆို...

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

လက်စွပ်ကွင်းဆိုဒ်(အတွင်းဘက်)တိုင်းနည်း

✨ မိမိရဲ့လက်စွပ်ကွင်းတိုင်းမသိလို့ လက်စွပ်ဝယ်ရန်အခက်အခဲဖြစ်နေတဲ့ ရတနာချစ်သူလေးတွေအတွက် အသေးစိပ်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

18kနှင့်ပတ်သက်ပြီး အမေးများသောမေးခွန်းများ

✨ 18kနှင့်ပတ်သက်ပြီး အမေးများသောမေးခွန်းတွေကို စုစည်းပေးထားတာဖြစ်လို့ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်