စည်းကမ်းနဲ့ သတ်မှတ်ချက်များ

စည်းကမ်းနှင့်သတ်မှတ်ချက်များ

          ရွှေဘုန်းရှိန်ရတနာဆိုင် ဝဘ်ဆိုက် (သို့မဟုတ်) APP လေးကို လာရောက်ကြည့်ရှုပေးတဲ့အတွက်   ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင်။

         ဝဘ်ဆိုက် (သို့မဟုတ်) APP သို့ ဝင်ရောက်တဲ့အခါ (သို့မဟုတ်) အသုံးမပြုမီ အောက်ပါ သတ်မှတ်ချက်လေးတစ်ချို့ကို ဖတ်ရှုပေးပါရန် လေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။

        အောက်ပါသတ်မှတ်ချက်များသည် ဝဘ်ဆိုက် (သို့မဟုတ်) APP အသုံးပြုသူများအားလုံးအတွက် ဖြစ်ပါသည်။

  • ရတနာထည်ဈေးနှုန်းများသည် ရွှေဈေးအတက်အကျပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်
  • ရတနာထည်ဝယ်ယူတဲ့အခါ အထည်နဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုသည်များ၊ ငွေပေးချေမှုများ နှင့် ပစ္စည်းပို့ဆောင်မှုများကို ဆိုင်မှဝန်ထမ်းများနှင့် တိုက်ရိုက်ပြောဆိုပြီး ဝယ်ယူနိုင်စေဖို့အတွက် မိမိကြိုက်နှစ်သက်ရာ Messenger (or) Chat Application ကို ရေွးချယ်ဆက်သွယ်နိုင်ပါသည်။
  • မှာယူထားသည့်ပစ္စည်းများကို ငွေလွှဲဝင်ပြီး (၅)ရက်အတွင်း သက်ဆိုင်ရာကားဂိတ် သို့မဟုတ် Delivery Service သို့ ပို့ဆောင်ပေးပါသည်။
  • ငွေလွှဲတဲ့အခါတွင် ပစ္စည်းရဲ့ကျသင့်ငွေကိုသာ ပေးချေရမှာဖြစ်ပြီး မှာယူသောပစ္စည်းများ မိမိဆီရောက်တဲ့အခါမှသာ ပို့ခကျသင့်ငွေကို ပေးချေရပါမည်။
  • အထက်ပါသတ်မှတ်ချက်များကို ထပ်မံဖြည့်စွက်ခြင်းများ၊ ပြုပြင်ပြောင်းလဲခြင်းများ အချိန်မရွေးရှိနိုင်ပါသည်။