အလွယ်ကူဆုံး ရွှေတွက်နည်း
အလွယ်ကူဆုံးရွှေတွက်နည်း
ရွှေဘုန်းရှိန်ရတနာဆိုင်ရဲ့ရွှေချစ်သူလေးတွေအတွက် အလွယ်ကူဆုံးရွှေတွက်နည်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
ရွှေတွက်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ပုံသေနည်းလေးကိုသိထားရပါမယ်ရှင်
ပုံသေနည်းလေးကတော့ .....
ရွေး ÷ 8 + ပဲ ÷ 16 + ကျပ် × ရွှေပေါက်ဈေး = ရွှေတန်ဖိုးသင့်ငွေ
ဉပမာလေးတွေနဲ့တွက်ကြည့်လိုက်ရအောင်နော်
15ပဲရည်ရွှေဈေး = 2,800,000 ရှိတယ်ဆိုပါတော့
ရွှေချိန် - 1ကျပ် 5ပဲ 4ရွေး ကို ပထမဆုံးအနေနဲ့ တွက်ကြည့်လိုက်ရအောင်
4 ÷ 8 + 5 ÷ 16 + 1 × 2,800,000 = 3,762,500 ရရှိမှာပဲဖြစ်ပါတယ်ရှင်။
နောက်တစ်ပုဒ်အနေနဲ့ ရွှေချိန် - 12ပဲ 5ရွေး ကိုတွက်ကြည့်ရအောင်နော်
5 ÷ 8 + 12 ÷ 16 + 0 × 2,800,000 = 2,209,400 ကိုရရှိမှာပဲဖြစ်ပါတယ်ရှင်။
နောက်ဆုံးတစ်ပုဒ်အနေနဲ့ ရွှေချိန် - 7ရွေး ကိုတွက်ကြည့်ကြရအောင်
7 ÷ 8 + 0 ÷ 16 + 0 × 2,800,000 = 153,100 ရရှိမှာပါရှင်
နောက်တစ်နည်းကတော့ - 1ကျပ်မှာ 128 ရွေးရှိတဲ့အတွက်
2,800,000 ÷ 128 × 7 = 153,100 ကိုရရှိမှာပဲဖြစ်ပါတယ်ရှင်။
ဒီနည်းလမ်းလေးတွေကို သိထားပြီးပြီဆိုရင်တော့ ကိုယ့်မှာရှိတဲ့ ရတနာထည်လေးကိုပဲဖြစ်ဖြစ် ရွှေဆိုင်တစ်ခုခုကို သွားတဲ့အခါမှာပဲဖြစ်ဖြစ် ရွှေချိန်လေးသိထားရုံနဲ့ အလွယ်တကူတွက်ကြည့်လို့ရပါပြီနော်