ရွှေဘုန်းရှိန်ရတနာဆိုင်၏သမိုင်းကြောင်း

“ရွှေဘုန်းရှိန်” ကို ပြည်မြို့၌ (၁၉၈၁) ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ခေတ်မီလှပဆန်းသစ်သော ရွှေထည်၊ စိန်ထည် နှင့် 18k ထည်များကို မိတ်ဟောင်း မိတ်သစ်များ စိတ်တိုင်းကျ အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် နှစ်ပေါင်း (၄၀)ကျော်တိုင်အောင် အောင်မြင်စွာ ရပ်တည်လျက်ရှိသော ရတနာ ရွှေဆိုင်ကြီးဖြစ်ပါသည်။ ရွှေအရည်အသွေး စစ်မှန်ကောင်းမွန်မှု ၊ ဒီဇိုင်းဆန်းသစ်မှု ၊ ပစ္စည်း နှင့် ဈေးနှုန်းမှန်ကန်မှုများသည် ရွှေဘုန်းရှိန် ရတနာရွှေဆိုင်၏ အထူးအာမခံချက်များဖြစ်ပါသည်။ အစဉ် လေးစားတန်ဖိုးထားရသော ဖောက်သည်များနှင့် ရာသက်ပန် မိတ်ဖက်များ အဖြစ် ဂုဏ်ယူစွာ ရပ်တည်နိုင်ရေးသည် ရွှေဘုန်းရှိန်မိသားစု၏ အဓိက ရည်မှန်းချက် နှင့် ယုံကြည်ချက်ပင် ဖြစ်ပါသည်။