07 Sep 2023
18kနှင့်ပတ်သက်ပြီး အမေးများသောမေးခွန်းများ

18kနှင့်ပတ်သက်ပြီး အမေးများသောမေးခွန်းများ

(1) 18k ဆိုတာ ရွှေအစစ်လား?

18k (သို့) AU750 ဆိုတာဟာ ရွှေအစစ်ပဲဖြစ်ပါတယ်။

(2) 18k ဆိုတာဘာလဲ?

18k ဆိုတာ ရွှေ ၇၅% နဲ့ အခြားသတ္ထုများဖြစ်သော ကြေး၊ငွေ၊နီကယ်(nickel) စတာတွေနဲ့ ၂၅% ရောစပ်ထားတာဖြစ်ပြီး ရွှေရည်အားဖြင့်ဆိုရင်တော့ ၁၂ပဲရည် ပဲဖြစ်ပါတယ်..

(3) 18kမှာ အရောင်ဘယ်နှမျိုးရှိလဲ?

18kမှာတော့ Yellow Gold, White Gold, Rose/Pink Gold ဆိုပြီး colour (3)မျိုးရှိပါတယ်ရှင်။ ၃မျိုးစလုံးရဲ့ ရွှေပါဝင်နှုန်းကတော့အတူတူပါပဲနော်.. ရောစပ်တဲ့ Alloy တွေကြောင့်ပဲ အရောင်မတူညီကြတာပါရှင်။

(4) 18kဟာ ဝတ်တာကြာရင် အရောင်ပြယ်လား?

သာမာန်ဝတ်ထားရုံနဲ့တော့ မဲသွားတာ၊အရောင်ပြယ်သွားတာဟာ မရှိသလောက်ရှားပါတယ်။ အကယ်၍ဖြစ်ခဲ့တယ်ဆိုရင်လည်း နေ့စဉ်သုံးစွဲနေတဲ့ ဓါတ်သတ္ထုတွေကို သတိထားကြည့်ဖို့တော့ လိုပါတယ်ရှင်။

ဉပမာ - Chemical ပါတဲ့ အလှကုန်ပစ္စည်းတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ မိမိရဲ့ရတနာထည်ကို ထိတွေ့မိရင်တော့ အရောင်ပြယ်သွားတာ၊ အရောင်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။

(5) 18kကို နေ့တိုင်းဝတ်လို့ရနိုင်ပါ့မလား?

18kဟာ ရွှေရည် ၁၂ပဲရည်ပြည့်နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပိုမာပြီးခိုင်ခံ့မှုရှိတာကြောင့် Daily ဝတ်လို့ သင့်တော်တဲ့ ရတနာထည်တစ်မျိုးပဲ ဖြစ်ပါတယ်ရှင်။

ကဲ….ဒီအချက်လေးတွေကို သိထားပြီးပြီဆိုတော့ 18k ရတနာထည်လေးတွေကို ယုံကြည်စိတ်ချစွာ ဝတ်ဆင်နိုင်ပါပြီနော်။

18k အထည်လေးတွေကို ဝယ်ယူဝတ်ဆင်မယ်ဆိုရင်တော့ Design Colour စုံလင်ပြီး အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့အတူ အသင့်စောင့်ကြိုနေမယ့် ရွှေ‌ဘုန်းရှိန်ရတနာဆိုင် ကိုသာ သတိရလိုက်ပါတော့ရှင်

အလွယ်ကူဆုံး ရွှေတွက်နည်း

ရွှေဘုန်းရှိန်ရတနာဆိုင်ရဲ့ရွှေချစ်သူလေးတွေအတွက် အလွယ်ကူဆုံးရွှေတွက်နည်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ရွှေတွက်မယ်ဆိုရင်တော့ ပထမဆုံ...

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

White God နှင့် Platinum ရဲ့ကွာခြားချက်

✨ ဒီတစ်ပါတ်မှာတော့ Jeweller လေးတွေသိထားသင့်တဲ့ White Gold နဲ့ Platinum ရဲ့ ခြားနားချက်လေးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ကွာခြားချက်လေးတွေဆို...

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

လက်စွပ်ကွင်းဆိုဒ်(အတွင်းဘက်)တိုင်းနည်း

✨ မိမိရဲ့လက်စွပ်ကွင်းတိုင်းမသိလို့ လက်စွပ်ဝယ်ရန်အခက်အခဲဖြစ်နေတဲ့ ရတနာချစ်သူလေးတွေအတွက် အသေးစိပ်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

အလျော့တွက်ဆိုတာဘာလဲ

✨ ရတနာချစ်သူလေးတွေ အမေးအများဆုံးမေးခွန်းထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အလျော့တွက်လက်ခ အကြောင်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်