07 Sep 2023
White God နှင့် Platinum ရဲ့ကွာခြားချက်

White God နှင့် Platinum ရဲ့ကွာခြားချက်

ဒီတစ်ပါတ်မှာတော့ Jeweller လေးတွေသိထားသင့်တဲ့ White Gold နဲ့ Platinum ရဲ့ ခြားနားချက်လေးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

ကွာခြားချက်လေးတွေဆိုရင်တော့ ၎င်းတို့၏ဖြစ်တည်မှု ၊ သတ္ထုရောစပ်ပါဝင်မှုနှင့် ဈေးနှုန်းတို့ပဲဖြစ်ပါတယ်။ ယခုလက်ရှိအရောင်းအဝယ်လုပ်နေကြတဲ့ ရွှေဖြူရတနာထည်အများစုရဲ့ 80% လောက်က White Gold ထည်လေးတွေပါပဲရှင်။

White Gold နဲ့ Platinum က အဖြူရောင် Colour ချင်းတူပေမယ့် Platinum ကငွေမှင်ရောင်နက်မှောင်ပြီး ပြောင်ပြောင်တင်းတင်းလေးနဲ့ လင်းလက်မှုကြာရှည်ခံတဲ့အပြင် မာကျောကျစ်လစ်ပြီးပိုလှပါတယ်ရှင်။

ကမ္ဘာ့ဈေးကွက်မှာတော့ Platinum က White Gold ထက်ပိုပြီး အဆ၂၀လောက်ရှားပါးတဲ့ အဖြူရောင်သဘာဝသတ္ထုဖြစ်တာကြောင့် ဈေးပိုကြီးတယ်ဆိုပေမယ့် လက်ရှိမြန်မာ့ဈေးကွက်မှာဆိုရင်တော့ White Gold က Platinum ထက် ဈေးပိုကြီးပြီး ဝယ်လိုအားလည်းပိုများနေပါတယ်။

White Gold နဲ့ Platinum ကို များသောအားဖြင့် ဘယ်လိုခွဲခြားလို့ရနိုင်မလဲဆိုရင်တော့ အထည်လေးတွေမှာပါတဲ့ Hallmark တွေကိုကြည့်ရုံနဲ့ ခွဲခြားသိရှိနိုင်ပါတယ်၊၊

White Gold အထည်လေးတွေကိုတော့ ...

  Ø  AU 750 (or) 18k (ရွှေပါဝင်မှု 75%)

  Ø  AU 585 (or) 14k (ရွှေပါဝင်မှု 58.5%)

  Ø  AU 375 (or) 9k (ရွှေပါဝင်မှု 37.5%) ဆိုပြီး ပါဝင်နေမှာပဲ ဖြစ်ပါတယ်၊၊


ရွှေဘုန်းရှိန်ရတနာဆိုင်မှာဆိုရင်တော့ 18k (ရွှေပါဝင်မှု 75%)ရှိတဲ့ White Goldထည်လေးတွေကို ရောင်းချပေးနေပါတယ်ရှင့်။

? Platinum အထည်လေးတွေမှာတော့ ...

  Ø  PT 999ဆိုရင် (PTပါဝင်မှု 99.9%)

  Ø  PT 950 ဆိုရင် (PTပါဝင်မှု 95%)

  Ø  PT 900 ဆိုရင် (PTပါဝင်မှု 90%) ဆိုပြီး ပါဝင်မှာပဲ ဖြစ်ပါတယ်၊၊

ဒါဆိုရင်တော့ White Gold နဲ့ Platinum ရဲ့ကွာခြားချက်လေးနဲ့ပတ်သက်ပြီး ရတနာချစ်သူလေးတွေအတွက် ဗဟုသုတလေးရရှိသွားမယ်လို့ မျှော်လင့်မိပါတယ်ရှင်၊၊

 

 

 

အလွယ်ကူဆုံး ရွှေတွက်နည်း

ရွှေဘုန်းရှိန်ရတနာဆိုင်ရဲ့ရွှေချစ်သူလေးတွေအတွက် အလွယ်ကူဆုံးရွှေတွက်နည်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ရွှေတွက်မယ်ဆိုရင်တော့ ပထမဆုံ...

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

လက်စွပ်ကွင်းဆိုဒ်(အတွင်းဘက်)တိုင်းနည်း

✨ မိမိရဲ့လက်စွပ်ကွင်းတိုင်းမသိလို့ လက်စွပ်ဝယ်ရန်အခက်အခဲဖြစ်နေတဲ့ ရတနာချစ်သူလေးတွေအတွက် အသေးစိပ်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

18kနှင့်ပတ်သက်ပြီး အမေးများသောမေးခွန်းများ

✨ 18kနှင့်ပတ်သက်ပြီး အမေးများသောမေးခွန်းတွေကို စုစည်းပေးထားတာဖြစ်လို့ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်

အလျော့တွက်ဆိုတာဘာလဲ

✨ ရတနာချစ်သူလေးတွေ အမေးအများဆုံးမေးခွန်းထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အလျော့တွက်လက်ခ အကြောင်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

ရတနာဗဟုသုတဆောင်းပါး
07 Sep,2023
ကြည့်ရန်