အမေးများသော အကြောင်းအရာ

အလျော့ပါရွှေထည်အချင်းချင်း အလဲအထပ်ပြုလုပ်သည့်အခါတွင် ရွှေချိန်အရှိအတိုင်းကိုချိန်ပြီး တစ်ကျပ်သားပေါက်ဈေးကို တစ်ပြားမှမခွာပဲ ဒဲ့ ပြန်လဲပေးပါသည်။ ပြန်ရောင်းသည့်အခါတွင် ရွှေချိန်အရှိအတိုင်းကိုချိန်ပြီး တစ်ကျပ်သားပေါက်ဈေးကို သတ်မှတ်ထားသော ခွာဈေးဖြင့် ပြန်ဝယ်ပေးပါသည်။

စိန်ထည်များကို အရောင်းအလဲပြုလုပ်သည့်အခါ အလဲ 4% ၊ အရောင်း 8% ဖြင့် ဝန်ဆောင်မှုပေးနေပါသည်။ နှစ်ရှည်ကြာအောင် ဝယ်ယူဝတ်ဆင်ထားသည့် စိန်ထည်များကို အလဲအရောင်းလုပ်မည်ဆိုပါက လုံးဝမရှုံးသည့်အပြင် အောက်ပါဇယားကွက်မှာရေးပေးထားသည့်အတိုင်း ဝယ်ယူခဲ့သည့်ခုနှစ်အလိုက် % အမြတ်များ ပြန်ပေးလျက်ရှိပါသည်။ (ဇယားကွက်ထည့်ရန်)

18K အထည်များကို အရောင်းအလဲပြုလုပ်သည့်အခါ ဂရမ်ချိန်အရှိအတိုင်းကိုချိန်ပြီး အလဲ 15% ၊ အရောင်း 20% ဖြင့် ပြန်ဝယ်ပေးပါသည်။ အကယ်၍ % ဖြင့် မဟုတ်ပဲ 1Gram ပြန်ဝယ်ဈေးဖြင့်လည်း အရောင်းအလဲ ပြုလုပ်နိုင်သောကြောင့် မိမိအဆင်ပြေသည့် ဝန်ဆောင်မှုကို စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။

Special Accounts (KBZ, CB, Yoma) များ ဖြင့် ငွေပေးချေ၍ရနိုင်သလို Kpay ဖြင့် လည်း ငွေပေးချေနိုင်ပါသည်။ (စိန်ထည်ပစ္စည်းများဝယ်ယူပါက မည်သည့် % မှ ပေးရန်မလိုပါ)